PHP တတိယအသုံးအများဆုံး Language ဖြစ်လာခြင်း
၂၀၀၉ နိုဝင်ဘာလ TIOBE Programming Community ၏ စစ်တမ်း index အရ PHP သည် သုံးစွဲမှု တွင် တတိယ နေရာသို့ တက်လာ ပါသည်။
TIOBE အဖွဲ့သည် programming languages များ၏ အသုံး ပြုမှု ကို မှတ်တမ်းတင် နေသော အဖွဲ့ ဖြစ်ပြီး၊ မည်သည့် programming language ကိုမှ ကိုယ်စား မပြုသော ကြားနေ အဖွဲ့ တစ်ခု ဖြစ် ပါသည်။
ထိပ်ဆုံး တွင်ရှိ သော java နှင့် ဒုတိယ လိုက်သော C မှာ မတိမ်း မယိမ်း ဖြစ် သော်လည်း java သည် % minus ပြနေ ပြီး C နှင့် PHP တို့မှာ % plus ဖြင့် တိုးတက် နေ ပါသည်။ Java သည် ယခု အတိုင်း ဆက်သွား ပါက ထိပ်ဆုံး နေရာ ကိုလက်လွတ် သွားနိုင် ပါသည်။

PHP ၏ ပေါ်ပြူလာ ဖြစ်မှု မှာ အလွန် မြန်ဆန် ခဲ့ ပါသည်။ ၁၉၉၉ တွင် အဆင့် ၂၅ ရှိပြီး ၂၀၀၅ တွင် အဆင့် ၄ ရရှိခဲ့ ပါသည်။ ၂၀၀၉ ခုနှစ် တွင် အဆင့် ၃ သို့ ရောက်လာ ပါသည်။

သို့ဖြစ် ပါ၍ PHP သည် လေ့လာ သင့်သော programming language တစ်ခု ဖြစ်ကြောင်း ထပ်မံ ဖေါ်ပြ အပ် ပါသည်။
Reference : TIOBE Programming Community Index November 2009