What Is CSS

CSS ဆိုတာ ဘာလဲ။

CSS ဆိုတာ Cascading Style Sheets ရဲ့ အတိုကောက် ဖြစ်ပါတယ်။ CSS သည် HTML စာမျက်နှာ တစ်ခုရဲ့ အလှအပ (formatting)၊ အထားအသို (placement) နှင့် အခြားလိုအပ် ချက်များ ကို ဆောင်ရွက်ပေး ပါတယ်။

CSS ကို Hakon Wium Lie နှင့် Bert Bos တို့မှ တည်ထွင် ခဲ့ပြီး World Wide Web Consortium မှ W3C CSS Recommendation (CSS1) အဖြစ် ၁၉၉၆ ခုနှစ်တွင် အတည်ပြု ခဲ့သည်။

အများအားဖြင့် css code တွေကို ဖိုင်တစ်ခု မှာသပ်သပ် ရေပြီး extension (.css) အဖြစ် save လုပ်လေ့ရှိ ပါတယ်၊ ဥပမာ (stylesheet.css) ။ HTML ဖိုင်နဲ့ တွဲချိတ် ရန်အောက်ပါ ပုံစံမျိုး code ကိုရေး ပါတယ်။

ဒီလိုချိတ် ဆက်လိုက် တာနဲ့ browser က css ဖိုင်ထဲမှာ သတ်မှတ် ပေးထား တဲ့အတိုင်း၊ အလှအပ (formatting)၊ အထားအသို (placement) နှင့် အခြားလိုအပ် ချက်များ ကို ပုံဖေါ် ပေးပါမယ်။

အသွင်အပြင် ပြောင်းချင်ရင် css ဖိုင်အသစ်နဲ့ ပြောင်းချိတ် လိုက်ရုံ ပါဘဲ။ ရှိသမျှ HTML ဖိုင်တွေမှာ ချိတ် လိုက်ရင်၊ အားလုံးသော HTML တွေသည်၊ အလှအပ (formatting)၊ အထားအသို (placement) နှင့် အခြားလိုအပ် ချက်များ၊ တစ်ပုံစံထဲ ဖြစ်သွား ပါမည်။

အောက်ဖေါ်ပြပါ HTML ဖိုင်ကို css ဖိုင် အမျိုးမျိုး နဲ့တွဲချိတ် လိုက်ရင်၊ ပုံစံများ ပြောင်းသွား တာတွေ့ရ ပါမည်။


HTML code


With no css


With stylesheet1.css


With stylesheet2.css


With stylesheet3.css


With stylesheet4.css

အောက်ဖေါ်ပြပါ example ကို download လုပ်ပြီး လေ့လာကြည့် ရင်ပိုပြီး ရှင်းသွားပါမည်။

Download Example
css-example

What Is Html

HTML ဆိုတာဘာလဲ

HTML ဆိုသည်မှာ Hyper Text Markup Language ၏ အတိုကောက် ဖြစ်ပြီး websites များကို ပုံဖေါ်ရာတွင် အသုံးပြုသော language ဖြစ်ပါသည်။

Websites များတွင် click လုပ်ပြီး အခြားစာမျက်နှာသို့ ရွှေ့နှိုင်သည့် စာကြောင်း လေးများကို Hyper Text (Hyperlinks) ဟုခေါ်ပါသည်။

HTML ပေါ်ခါနီး ကာလ က ကုမ္ပဏီ အသီးသီး သည် system အမျိုးမျိုး ဖြင့် ကွန်ပြူတာ များကို ထုတ်လုပ် နေကြသဖြင့် ကွန်ယက် (network) ချိတ်ဆက်ပြီး အချင်းချင်း ဆက်သွယ်ရန် အလွန်ခက်ခဲ ပါသည်။ ၎င်း ကိစ္စကို ဖြေရှင်းရန် အမေရိကန် သမတ Lyndon B. Johnson က July 1, 1969 တွင် ကွန်ပြူတာ အားလုံးသည် ASCII ဖတ်နိုင်ရမည် ဟု အမိန့်ထုတ်ပြန် ခဲ့ပါသည်။   (reference)

Tim Berners-Lee သည် ၁၉၉၀ ခုနှစ်တွင် Hypertext Markup Language (HTML)ကို တည်ထွင် ပြီး အများသုံ အင်တာနက် ခေတ်ကြီးကို စတင်ပေး ခဲ့သည်။ HTML သည် ASCII ကိုအခြေခံ ၍ရေး ထားသော language ဖြစ်ပါသည်။

Webpage ဆိုတာဘာလဲ?

Webpage ဆိုတာ ရိုးရိုး notepad တွင် ASCII ဖြင် ရေးထားသော text file တစ်ခုသာ ဖြစ်ပါသည်။ ၎င်း text file ကို HTML Markup များဖြင့် ရော၍ ရေးထား ပါသည်။ Text file သည် ကွန်ပြူတာ အားလုံး ဖတ်နိုင်သည့် cross platform format ဖြစ်သည်။ HTML file များသည် .html ဖြင့်အဆုံးသတ်သည်။ (ဥပမာ index.html, hello.html … etc)

Markup ဆိုတာဘာလဲ?

HTML file ကို tag များအသုံးပြု၍ markup လုပ်ပါသည်။ ဒါဆို tag ဆိုတာက ရော ဘာလဲ?။ Tag အကြောင်း မပြောခင် tag ဖြစ်ပေါ်လာပုံ ကိုအရင် လေ့လာဖို့ လိုပါသည်။

ကွန်ပြူတာ တို့ HTML တို့ မပေါ်မှီ ပုံနှိပ်လော ကတွင် အယ်ဒီတာ နဲ့ စာစီဆရာ တို့သည် proof paper တွင် tag များဖြင့် markup လုပ်ပြီး၊ ပုံမနှိပ်မှီ စာများကို ပြင်ဆင် ကြပါသည်။


Tim Berners-Lee သည် HTML ကို တည်ထွင်ရာ၌၊ ပုံနှိပ်လောကမှ tag သဘောတရား ကိုယူ၍၊ ASCII သက်သက် ကိုသုံးပြီး၊ HTML Tag များကို ဖန်တည်း ခဲ့ပါသည်။

အောက်ဖေါ်ပြပါ ပုံများ တွင် HTML Tag နှင့် .html ဖိုင်များ အကြောင်းကို လေ့လာနှိုင် ပါသည်။