What Is A Cookie

Cookie ဆိုတာ ဘာလဲ

Cookie သို့မဟုတ် HTTP Cookie, Magic Cookie, Web Cookie, Internet Cookie, Browser Cookie စသည်စသည်ဖြင့် အမျိုးမျိုး ခေါ်ခဲ့ကြပြီး အခုကာလ မှာတော့ cookie လို့ဘဲ ခေါ်ကြ ပါတော့တယ်။

Cookie ကို Mosaic Netscape Browser ၏ အမှုထမ်း တစ်ဦး ဖြစ်သူ Louis J. Montulli II မှ တည်ထွင်ခဲ့ပါတယ်။ ကွတ်ကီ ကို ၁၉၉၄ အောက်တိုဘာ ၁၃ ရက်နေ့မှာMosaic Netscape 0.9 beta တွင်စတင် ထည့်သွင်း အသုံးပြုခဲ့ ပါတယ်။

HTML ပေါ်စက server တွေမှာ သုံးတဲ့ memory တွေဟာ အလွန်ဈေးကြီးပါတယ်။ စာမျက်နှာ တွေကို ဘယ်ကလှမ်း တောင်းတယ်၊ ရှေ့စာမျက်နှာ နဲ့နောက်ထပ် တောင်းတဲ့ စာမျက်နှာ၊ ဘယ်လို ဆက်စပ်နေတယ်၊ စတာတွေကိုသာ မှတ်သားနေရမယ် ဆိုရင်၊ memory တွေ အမျာအပြား ထပ်လိုမှာ ဖြစ်လို့၊ စာရိတ်ကြီးပြီး မွဲဆေး ဖေါ်သလို ဖြစ်နေပါမယ်။ ထို့ကြောင့် စွန်းဦးတည်ထွင် သူတွေက browser ရာဇဝင် ကို မှတ်မထားဖို့၊ ဆုံးဖြတ်ခဲ့ကြ ပါတယ်။

ဒီတော့ HTML Pages တွေဟာ လူမသိသူမသိ နိုင်ငံမဲ့ တွေလို့ တင်စားခဲ့ ပါတယ်။ (HTML Pages are anonymous and stateless)

သို့သော် browser ရာဇဝင် ကိုသိပြီး ဆက်စပ်မှု ရှိမှဖြစ်မဲ့ ကိစ္စမျိုး ကျတော့ အခက်တွေ့ပြန်ရော။ ဥပမာ username password သုံးပြီး login လုပ်၊ နောက်စာမျက်နှာ ထဲဝင် ဖို့ကျတော့ anonymous and stateless ဖြစ်နေလို့၊ အဆင်မပြေ ပြန်တော့ပါ။

ဒါကိုဖြေရှင်းဖို့ ကွတ်ကီ ကိုထွင်ခဲ့ တာပါ။ ကွတ်ကီ ဆိုတာ ဆေရုံဆေးခန်း တွေမှာ လူနာကို ထုတ်ပေးတဲ့ ဆေးစာအုပ်နဲ့ တူပါတယ်။ လူနာစာအုပ်က လူနာနဲ့အတူ ထားတာပါ၊ ဆေးရုံမှာမထားပါ။

Cookie ဖိုင်ဆိုတာက text file သေးသေးလေးပါ၊ browser နဲ့ server တို့ အပြန်အလှန် ထိတွေ့မှု ရာဇဝင်နဲ့ အခြားလိုအပ်မဲ့ အချက်အလက်တွေကို ရိုးရိုး ASCII နဲ့ ရေးထဲ့ထားပါတယ်။ Cookie ဖိုင်ကို server မှာ မထားဘဲ၊ သင့် ကွန်ပျူတာ ရဲ့ browser ရဲ့ folder ထဲမှာသိမ်း ပါတယ်။ Server နဲ့ နောက်တစ်ကြိမ် ထပ်ချိတ်ဆက် တဲ့ အခါမှာ server က cookie ကိုလှမ်းတောင်း ပြီးဖတ်ပါတယ်။ ဒီအခါမှာ သင့် browser နဲ့ အဝေက server အကြားမှာ၊ HTML Pages တွေဟာ anonymous and stateless မဖြစ်တော့ပါဘူး။

ယခုခေတ် မှာတော့ browser ရာဇဝင် ဆိုတာ ရွှေပါဘဲ၊ Facebook, Google, Amazon, Apple, Microsoft စသည်တို့ဟာ browser ရာဇဝင် နဲ့ သူဌေး ဖြစ်နေကြတာပါ။

What Is CSS

CSS ဆိုတာ ဘာလဲ။

CSS ဆိုတာ Cascading Style Sheets ရဲ့ အတိုကောက် ဖြစ်ပါတယ်။ CSS သည် HTML စာမျက်နှာ တစ်ခုရဲ့ အလှအပ (formatting)၊ အထားအသို (placement) နှင့် အခြားလိုအပ် ချက်များ ကို ဆောင်ရွက်ပေး ပါတယ်။

CSS ကို Hakon Wium Lie နှင့် Bert Bos တို့မှ တည်ထွင် ခဲ့ပြီး World Wide Web Consortium မှ W3C CSS Recommendation (CSS1) အဖြစ် ၁၉၉၆ ခုနှစ်တွင် အတည်ပြု ခဲ့သည်။

အများအားဖြင့် css code တွေကို ဖိုင်တစ်ခု မှာသပ်သပ် ရေပြီး extension (.css) အဖြစ် save လုပ်လေ့ရှိ ပါတယ်၊ ဥပမာ (stylesheet.css) ။ HTML ဖိုင်နဲ့ တွဲချိတ် ရန်အောက်ပါ ပုံစံမျိုး code ကိုရေး ပါတယ်။

ဒီလိုချိတ် ဆက်လိုက် တာနဲ့ browser က css ဖိုင်ထဲမှာ သတ်မှတ် ပေးထား တဲ့အတိုင်း၊ အလှအပ (formatting)၊ အထားအသို (placement) နှင့် အခြားလိုအပ် ချက်များ ကို ပုံဖေါ် ပေးပါမယ်။

အသွင်အပြင် ပြောင်းချင်ရင် css ဖိုင်အသစ်နဲ့ ပြောင်းချိတ် လိုက်ရုံ ပါဘဲ။ ရှိသမျှ HTML ဖိုင်တွေမှာ ချိတ် လိုက်ရင်၊ အားလုံးသော HTML တွေသည်၊ အလှအပ (formatting)၊ အထားအသို (placement) နှင့် အခြားလိုအပ် ချက်များ၊ တစ်ပုံစံထဲ ဖြစ်သွား ပါမည်။

အောက်ဖေါ်ပြပါ HTML ဖိုင်ကို css ဖိုင် အမျိုးမျိုး နဲ့တွဲချိတ် လိုက်ရင်၊ ပုံစံများ ပြောင်းသွား တာတွေ့ရ ပါမည်။


HTML code


With no css


With stylesheet1.css


With stylesheet2.css


With stylesheet3.css


With stylesheet4.css

အောက်ဖေါ်ပြပါ example ကို download လုပ်ပြီး လေ့လာကြည့် ရင်ပိုပြီး ရှင်းသွားပါမည်။

Download Example
css-example

What Is Html

HTML ဆိုတာဘာလဲ

HTML ဆိုသည်မှာ Hyper Text Markup Language ၏ အတိုကောက် ဖြစ်ပြီး websites များကို ပုံဖေါ်ရာတွင် အသုံးပြုသော language ဖြစ်ပါသည်။

Websites များတွင် click လုပ်ပြီး အခြားစာမျက်နှာသို့ ရွှေ့နှိုင်သည့် စာကြောင်း လေးများကို Hyper Text (Hyperlinks) ဟုခေါ်ပါသည်။

HTML ပေါ်ခါနီး ကာလ က ကုမ္ပဏီ အသီးသီး သည် system အမျိုးမျိုး ဖြင့် ကွန်ပြူတာ များကို ထုတ်လုပ် နေကြသဖြင့် ကွန်ယက် (network) ချိတ်ဆက်ပြီး အချင်းချင်း ဆက်သွယ်ရန် အလွန်ခက်ခဲ ပါသည်။ ၎င်း ကိစ္စကို ဖြေရှင်းရန် အမေရိကန် သမတ Lyndon B. Johnson က July 1, 1969 တွင် ကွန်ပြူတာ အားလုံးသည် ASCII ဖတ်နိုင်ရမည် ဟု အမိန့်ထုတ်ပြန် ခဲ့ပါသည်။   (reference)

Tim Berners-Lee သည် ၁၉၉၀ ခုနှစ်တွင် Hypertext Markup Language (HTML)ကို တည်ထွင် ပြီး အများသုံ အင်တာနက် ခေတ်ကြီးကို စတင်ပေး ခဲ့သည်။ HTML သည် ASCII ကိုအခြေခံ ၍ရေး ထားသော language ဖြစ်ပါသည်။

Webpage ဆိုတာဘာလဲ?

Webpage ဆိုတာ ရိုးရိုး notepad တွင် ASCII ဖြင် ရေးထားသော text file တစ်ခုသာ ဖြစ်ပါသည်။ ၎င်း text file ကို HTML Markup များဖြင့် ရော၍ ရေးထား ပါသည်။ Text file သည် ကွန်ပြူတာ အားလုံး ဖတ်နိုင်သည့် cross platform format ဖြစ်သည်။ HTML file များသည် .html ဖြင့်အဆုံးသတ်သည်။ (ဥပမာ index.html, hello.html … etc)

Markup ဆိုတာဘာလဲ?

HTML file ကို tag များအသုံးပြု၍ markup လုပ်ပါသည်။ ဒါဆို tag ဆိုတာက ရော ဘာလဲ?။ Tag အကြောင်း မပြောခင် tag ဖြစ်ပေါ်လာပုံ ကိုအရင် လေ့လာဖို့ လိုပါသည်။

ကွန်ပြူတာ တို့ HTML တို့ မပေါ်မှီ ပုံနှိပ်လော ကတွင် အယ်ဒီတာ နဲ့ စာစီဆရာ တို့သည် proof paper တွင် tag များဖြင့် markup လုပ်ပြီး၊ ပုံမနှိပ်မှီ စာများကို ပြင်ဆင် ကြပါသည်။


Tim Berners-Lee သည် HTML ကို တည်ထွင်ရာ၌၊ ပုံနှိပ်လောကမှ tag သဘောတရား ကိုယူ၍၊ ASCII သက်သက် ကိုသုံးပြီး၊ HTML Tag များကို ဖန်တည်း ခဲ့ပါသည်။

အောက်ဖေါ်ပြပါ ပုံများ တွင် HTML Tag နှင့် .html ဖိုင်များ အကြောင်းကို လေ့လာနှိုင် ပါသည်။

What Is ASCII

ASCII ဆိုတာဘာလဲ

ASCII (အက်စ်ကီး) သည် American Standard Code for Information Interchange ၏ အတိုကောက် ဖြစ်ပြီး October 6, 1960 ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ၎င်းသည် အင်္ဂလိပ် အက္ခရာ များကို 8 bit binary code ဖြင့် ကိုယ်စားပြု ပါသည်။

ASCII အသံထွက် ကိုနားထောင် လိုလျှင် အောက်ပုံကို click လုပ်ပါ။

Bell Telephone Company (USA) ၏ တယ်လီပရင်တာ (teleprinter) များတွင် အသုံးပြုသော 7 bit code ကိုမှီငြမ်း ပြုပြီး ASCII ကိုရေးဆွဲခဲ့ ကြပါသည်။ ကွန်ပြူတာနှင့် လိုက်လျှော ညီထွေ ဖြစ်စေရန် 8 bit code အဖြစ်ပြုပြင် ခဲ့သည်။

ASCII code များ ကိုအောက်တွင် ဖေါ်ပြထား ပါသည်။

ကွန်ပြူတာ ပေါ်စက ကုမ္ပဏီ များသည် standard မရှိဘဲ ကွန်ပြူတာ များကို ထုတ်လုပ်နေ ကြသဖြင့် ကွန်ယက် (network) ချိတ်ဆက်ပြီး အချင်းချင်း ဆက်သွယ်ရန် အလွန်ခက်ခဲ ပါသည်။ အမေရိကန် သမတ Lyndon B. Johnson က July 1, 1969 တွင် ကွန်ပြူတာ အားလုံးသည် ASCII ဖတ်နိုင်ရမည် ဟု အမိန့်ထုတ်ပြန် ခဲ့ပါသည်။ (reference)

Tim Berners-Lee သည် ၁၉၉၀ ခုနှစ်တွင် Hypertext Markup Language (HTML)ကို တည်ထွင် ပြီး အများသုံ အင်တာနက် ခေတ်ကြီးကို စတင်ပေး ခဲ့သည်။ HTML သည် ASCII ကိုအခြေခံ ၍ရေး ထားသော language ဖြစ်ပါသည်။

What Is Information Technology Part-2

Information Technology ဆိုတာဘာလဲ (အပိုင်း ၂)

နည်းပညာ (Technology)

လူတို့သည် အချက် အလက် များကို၊ သိမ်ဆည်းခြင်း (store), ဖတ်ရှုခြင်း (retrieve),  လက်ဆင့်ကမ်းခြင်း (transmit), နှင့် ပြုပြင်ခြင်း (manipulate) အလုပ် တို့ကို လွန်ခဲ့သော BC 3000 (နှစ်ပေါင်း ၅၀၀၀ကျော်) ကထည်းက ဆောင်ရွက် လာခဲ့ကြသည်။ ထိုစဉ်က မက်ဆိုပိုတေးမီးယား (Mesopotamia) ဒေသတွင်နေထိုင် ခဲ့ကြသော ဆူမားရီးယန်း (Sumerian)လူမျိုးတို့သည်၊ စာရေးနည်း ကိုတည်ထွင်ခဲ့ ကြပြီး၊ အချက် အလက် များကို သိမ်ဆည်း ခဲ့ကြသည်။

စာရေးနည်း (writing), အုပ်ခွက် (clay tablets), ကညစ် (stylus) တို့သည်၊ အချက် အလက် များကို သိမ်ဆည်းရန် အသုံးပြုခဲ့ သည့် “နည်းပညာ” (Technology) များပင်ဖြစ် ကြပါသည်။

လူသားတို့ အသုံးပြု ခဲ့သော နည်းပညာ (Technology) များကို လေးပိုင်း ခွဲ၍ သတ်မှတ်နိုင် ပါသည်။

  • pre-mechanical (3000 BC – 1450 AD)
  • mechanical (1450–1840)
  • electromechanical (1840–1940)
  • electronic (1940–present)

Pre Mechanical (3000 BC-1450 AD)

ပုံနှိပ်စက် မပေါ် မှီခေတ်က နည်းပညာ များဖြစ်ပါသည်။ တိုင်းပြည် ကြီးများ၊ အင်ပါရာ နိုင်ငံကြီးမျာ၊ သည် အုပ်ချုပ်ရေး ယန္တရား (Admin) ရှိမှ တည်ဆောက်၍ ရပါသည်။ စါ (writing) ရှိမှ အုပ်ချုပ်ရေး ယန္တရား (Admin) ကိုဆောင် ရွက်နှိုင် ပါသည်။ လူ့သမိုင်း ကိုပြန်ကြည့် ပါက စါရေးခြင်း တတ်မြောက်ပြီး မှ တိုင်းပြည် ကြီးများ၊ အင်ပါရာ နိုင်ငံကြီးမျာ၊ ပေါ်ပေါက် လာခဲ့ကြောင်း တွေ့ရှိရ ပါမည်။

Mechanical (1450-1840)

ဂူတင်ဘတ် (Johannes Gutenberg 1400-1465) သည် ခဲစါလုံး ဖြင့်စါစီပြီး ပုံနှိပ်နှိင် သော ပုံနှိပ်စက် (Printing Press) ကို ၁၄၅၀ ခုနှစ်တွင် တည်ထွင် ခဲ့ပါသည်။ ယခင်က စာအုပ်တစ်အုပ် ပွားလိုလျင် (copy) လက်ဖြင့် ကူးရ ပါသည်။ ချမ်းသာသူများ၊ မင်းစိုးရာဇာ များ ဘုန်းတော်ကြီ များ သာစါတတ်ကြ ပါသည်။ လူများစုမှာ စါမတတ်ကြပါ။ ပုံနှိပ်စက် ပေါ်ပြီးနောက် စာအုပ်များ ဈေးနှုံး သက်သာစွာ ဖြင့် လူအများ လက်သို့ ရောက်လာပါ သည်။

နောက်ပိုင်း တွင် ဘာသာရေ၊ နိုင်ငံရေး၊ တော်လှန်ရေး များ ပေါ်ပေါက် ပြီး ပဒေသရာဇ် စနစ် ကျဆုံးပြီး သမတ နိုင်ငံများ ပေါ်ပေါက်လာ ပါသည်။ သိပ္ပံ ပညာလည်း အလွန်တိုးတက် လာပြီး၊ နှစ်ပေါင် ၅၀၀ ခန့် အတွင်း လကမ္ဘာ သို့ခြေချ နိုင်သည် အထိ တိုးတက်ခဲ့ ပါသည်။ ဤသည်ကား “ဂူတင်ဘတ်” ၏ကျေးဇူး ပင်ဖြစ်ပါသည်။

Electromechanical (1840-1940)

စမ်မြူရယ် မေါ့စ် Samuel Morse (1791-1872) လျှပ်စစ် ဓါတ်ကြိုး သုံး၍ ကြေနန်း ရိုက် ခဲ့သည့် ကာလမှ မာကိုနီ (Guglielmo Marconi 1874-1937) မှ ရေဒီယို တည်ထွင်သည့်၊ ကြားကာလ အတွင်း ဖြစ်သည်။ ကာလ အားဖြင့် တိုတောင်း သော်လည်း၊ တိုးတက်မှု အများ အပြား ရှိခဲ့ပါသည်။

Electronic (1940-present)

မာကိုနီ (Guglielmo Marconi 1874-1937) ရဲ့ ရေဒီယို တည်ထွင်မှု ကစခဲ့တဲ့ “အီလက်ထရောနစ်” ခေတ်မှာ ရေဒီယိုမီးသီး (vacuum tube), ထရန်စစ်တာ (transistor), အိုင်စီ (integrated circuit) တွေပေါ် လာပြီးတဲ့ နောက်၊ အီလက်ထရောနစ် ပစ္စည်း တွေဟာ အလွန်သေးငယ် လာပြီး၊ ဈေးနှုံးလည်း အလွန်သက်သာ လာပါတယ်။ အီလက်ထရောနစ် ပစ္စည်း တွေကို လူတိုင်း ဝယ်နိုင်လာ ပါတယ်။ Personal Computer, laptop, TV, smart phone စတဲ့ ကရိယာ တွေဟာ လူတိုင်ရဲ့ လက်ထဲကို၊ “ဂူတင်ဘတ်” ရဲ့စာအုပ် တွေလို ရောက်လာ ပါတယ်။

အောက်မှာ ဖေါ်ပြ ထားတဲ့ ပုံတွေကို ကြည့်ရင် electronic ခေတ်ဟာ လူတွေကို ဘယ်လောက် အကျိုးပြုနေတယ် ဆိုတာ သိသာ ပါတယ်။ news.netcraft.com ရဲ့ အဆို အရ အင်တာနက် ထဲမှာ website ပေါင်း သန်းပေါင်း ၆၄၄ သန်း ရှိနေပြီးလို့ ဆိုပါတယ်။ တချို့က information explosion တောင်ဖြစ်နေ တယ်လို့ ဆိုကြ ပါတယ်။


အချုပ် အားဖြင့် ကျွန်တော်တို့ computer လောက မှာ 
Information technology – Wikipedia ရဲ့အဆို အရ “Information Technology (IT) ဆိုသည်မှာ သတင်း အချက်အလက် များအား ကွန်ပျူတာ ကိုအသုံးပြု၍ သိမ်ဆည်းခြင်း (store), ဖတ်ရှုခြင်း (retrieve),  လက်ဆင့်ကမ်းခြင်း (transmit), နှင့် ပြုပြင်ခြင်း (manipulate) တို့ပင် ဖြစ်သည်” လို့ လက္ခံထား ကြပါတယ်။