How Popular Is PHP

PHP ဘယ်လောက်ရေပန်းစားသလဲ?

အင်တာနက် ထဲမှာရှိတဲ့ website ၈၀% ကျော်ဟာ PHP ကိုအသုံးပြုပြီး ဖန်တည်း ထားပါတယ် (ref – https://w3techs.com/)

ကျွန်တော် programming language သုံး လေး ခုရေးပါတယ်၊ ယှဉ်ကြည့်ရင် PHP ဟာ စည်းကမ်း သိတ်မကြီးတဲ့(သိတ်မရှီတဲ့) language တစ်ခုပါ။ PHP နဲ့ serious applications တွေ သွားမရေးနဲ့ ဒုက္ခရောက် လိမ့်မယ်။ website ဖန်တည်း ဖို့ဘဲဆိုရင်တော့ သိတ်ကောင်းပါတယ်။ သူ့နေရာက server ပေါ်မှာပါ။

ဥပမာ ပေးရရင် PHP ဟာ ဘာစ်ကား၊ တက္ကစီ တို့နဲ့ တူပါတယ်၊ BMW တို့ Mercedes တို့လို တော့ပွဲ မတိုးဘူး၊ ဒါပေမဲ့ နေ့စဉ် အကြမ်းသုံးဖို့ က သူမရှိရင် အင်တာနက် ကြီး ရပ်သွား ပါလိမ့်မယ်။

PHP ကို အလကား (free) ရပါတယ်၊ ပြီးတော့ cross platform လည်း ဖြစ်လို့ Windows, iOS, Linux စသည်ဖြင့် OS အားလုံးနဲ့ သုံးလို့ ရပါတယ်။ နောက်ထပ် free ရတဲ့ MySql Database နဲ့ PHP ပေါင်းလိုက်တဲ့ အခါ မှာတော့ ဘယ်လိုမှ ဖိထားလို့ မရတော့ ဘဲ Internet ရဲ့ ၈၀% ကို လက်ဝါကြီး အုပ်သွား ပါတော့တယ်။

နာမည်ကြီး Content Management System (CMS) တွေကို လည်း PHP နဲ့တည်ဆောက် ထားတာ ဖြစ်ပါတယ်။ (ref – https://w3techs.com/)

ထို့ပြင် အောက်ပါ websites တွေမှာလည်း PHP ကိုသုံးထား ကြပါတယ်။ (ref – https://w3techs.com/)

PHP 5.6 ဟာ နှေးပါတယ်၊ Facebook က PHP ကိုမြန်အောင် ဆိုပြီးတော့ HHVM ဆိုတဲ့ နည်းလမ်း ကိုသုံးပါတယ်။ HHVM ဟာ open source virtual machine ပါ။ Facebook ရဲ့ PHP code တွေကို ဒီနည်းလမ်း သုံးပြီး run တော့ တော်တော် မြန်လာပါတယ်။ Facebook ဟာ သူ့ရဲ့ HHVM project source code တွေကို အများသုံး နိုင်အောင် GitHub (https://github.com/facebook/hhvm) မှာတင် ထားပါတယ်။

Rasmus Lerdorf နဲ့သု့ရဲ့ sponsor ဖြစ်တဲ့ Zend Technologies တို့ကလည်း ကြိုးစား လိုက်ကြတာ PHP 7 ထွက်လာပါတယ်။ PHP 7 ဟာ အလွန်မြန် တယ်လို့ ဆိုပါတယ်။ အောက်မှာ Zend ရဲ့ speed စမ်းသပ်ချက် တွေကို ဖော်ပြ ထားပါတယ်။
(ref – http://www.zend.com/en/resources/php7_infographic)

PHP ဝါသနာ ပါသူတွေဟာ အခြားစည်းကမ်း ကြီ သည့် programming language တစ်ခုခု ကိုသင်ယူ ပြီး၊ အတုယူ၍ PHP ကို စနစ်တကျ ရေးနိုင်အောင် ဆောင်ရွက် သင့်ပါတယ်။