What Is Information Technology Part-1

Information Technology ဆိုတာဘာလဲ (အပိုင်း ၁)

ပညာရပ်က သိမ်မွေ့တော့ Information Technology (IT) အကြောင်းကို အထောက် အထားနဲ့ ပြေားမှ ဖြစ်ပါမယ်။ Information Technology (wikipedia) စာမျက်နှာရဲ့ ထိပ်ဆုံးမှာ အောက်ပါ အတိုင်း ဖေါ်ပြထားပါတယ်။

Information Technology (IT) is the use of computers to store, retrieve, transmit, and manipulate data or information.”

Information Technology (IT) ဆိုသည်မှာ သတင်း အချက်အလက် များအား ကွန်ပျူတာ ကိုအသုံးပြု၍ သိမ်ဆည်းခြင်း (store), ဖတ်ရှုခြင်း (retrieve), လက်ဆင့်ကမ်းခြင်း (transmit), နှင့် ပြုပြင်ခြင်း (manipulate) တို့ပင် ဖြစ်သည်။

ကွန်ပျူတာ တို့ အင်တာနက် တို့မပေါ် ခင်က Information လိုချင်ရင် စာကြည့်တိုက် (Library) မှာသွားရှာ ပါတယ်။ ခုခေတ် မှာတော့ အင်တာနက် ထဲမှာ ရှာကြ ပါတယ်။ နက်နက်နဲနဲ သိချင်တော့မှ ပညာရှင် တွေရေးထားတဲ့ စာအုပ် ကိုရှာဖတ် ပါတယ်။

ကျွန်တော်တို့ information ရှာချင်လို့ ကွန်ပျူတာ ဖွင့်ပြီး အင်တာနက် ထဲမှာ ရှာရင် ဘာတွေတွေ့ ရမလဲ။

+  စာတွေတွေ့ ရမယ်။
+  အရုပ် (ရုပ်သေ၊ ရုပ်ရှင်) တွေ့ရမယ်။
+  အသံတွေ ကြားရမယ်။

နောက်ဘာ ရှိသေးလဲ၊ ကုန်ပြီး ထင်တယ်၊ ရှိသေးရင် ပြောကြပါဦး။


သမတကြီးက သတင်းစါ ရှင်းလင်း ပွဲလုပ်တော့၊ တက်ရောက်တဲ့ သတင်းထောက် တွေက၊ video ရိုက်မယ်၊ ဓါတ်ပုံ ရိုက်မယ်၊ စာနဲ့ လိုက်မှတ် ကြမယ်။ ဒါတွေက သိမ်ဆည်းခြင်း (store) လုပ်နေ ကြတာပါ။ သိမ်ဆည်း(store) လုပ်လိုက် တာနဲ့ သတင်း အချက်အလက် (information) ဖြစ်သွားပါပြီး။

ဒါဆိုရင် ဒီ သတင်း အချက်အလက် (information) ကဘယ်က လာသလဲ? သမတကြီး နှုတ်ကထွက် လာတဲ့ လူ့စကား (human speech) ကလာပါတယ်။ လူတစ်ယောက် စကားမပြောဘဲ စာရေးချ တဲ့အခါ မှာလည်း ဦးဏောက် ထဲမှာ စကား အဖြစ် ကြားနေရမှာ ဖြစ်ပါတယ်။


လူသားတွေရဲ့ သတင်းအချက် အလက် အများစု ဟာ စာအုပ် တွေအနေနဲ့ ရှိနေကြ ပါတယ်။ အင်တာနက် ပေါ်လာတော့ website တွေ server တွေထဲမှာလည်း အလွန်အလွန် များပြားစွာ သိမ်းဆည်း ထားနိုင်ခဲ့ ကြပါပြီး။ သတင်းအချက် အလက် အများစုဟာ လူ့စကား (speech) ကလာတာ ဖြစ်ပါတယ်။ရုပ်ပုံ တစ်ပုံသည် စကားလုံးတစ်ထောင် နှင့်ညီသည် (A picture is worth a thousand words) ဆိုရိုး အတိုင်း၊ လူသား တွေရဲ့ သတင်းအချက် အလက် တွေဟာ ရုပ်ပုံ (picture) တွေအနေနဲ့ ရှိနေ ကြပါတယ်။ ဥပမာ ဓါတ်ပုံ၊ ရုပ်ရှင်ဗီဒီယို၊ မြေပုံ၊ ဇယား(graphs, charts), technical drawings စသည်ဖြင့် အများ အပြားပါ။ အသံဖမ်းစက်၊ ကင်မရာ(digital video and still camera) တွေ ပေါ်လာ တဲ့ ခေါမှာ၊ အရုပ် (picture) ကလာတဲ့ သတင်းအချက် အလက် ဟာလည်း နေရာ အကြီးအကျယ် ယူလာတာ တွေ့ရ ပါတယ်။

လူ၏ အာရုဏ် ငါးပါးရှိသည့် အနက် အမြင်နှင့် အကြားကိုသာ သတင်းအချက် အလက် (information) အဖြစ် သိမ်ဆည်း(store) လုပ်၍ ရပါသည်။

Information Technology (IT) ဆိုသော ဝေါ်ဟာရ သည် ၁၉၅၈ ကျမှ ပေါ်ပေါက် လာခြင်း ဖြစ်ပါသည်။

How Popular Is PHP

PHP ဘယ်လောက်ရေပန်းစားသလဲ?

အင်တာနက် ထဲမှာရှိတဲ့ website ၈၀% ကျော်ဟာ PHP ကိုအသုံးပြုပြီး ဖန်တည်း ထားပါတယ် (ref – https://w3techs.com/)

ကျွန်တော် programming language သုံး လေး ခုရေးပါတယ်၊ ယှဉ်ကြည့်ရင် PHP ဟာ စည်းကမ်း သိတ်မကြီးတဲ့(သိတ်မရှီတဲ့) language တစ်ခုပါ။ PHP နဲ့ serious applications တွေ သွားမရေးနဲ့ ဒုက္ခရောက် လိမ့်မယ်။ website ဖန်တည်း ဖို့ဘဲဆိုရင်တော့ သိတ်ကောင်းပါတယ်။ သူ့နေရာက server ပေါ်မှာပါ။

ဥပမာ ပေးရရင် PHP ဟာ ဘာစ်ကား၊ တက္ကစီ တို့နဲ့ တူပါတယ်၊ BMW တို့ Mercedes တို့လို တော့ပွဲ မတိုးဘူး၊ ဒါပေမဲ့ နေ့စဉ် အကြမ်းသုံးဖို့ က သူမရှိရင် အင်တာနက် ကြီး ရပ်သွား ပါလိမ့်မယ်။

PHP ကို အလကား (free) ရပါတယ်၊ ပြီးတော့ cross platform လည်း ဖြစ်လို့ Windows, iOS, Linux စသည်ဖြင့် OS အားလုံးနဲ့ သုံးလို့ ရပါတယ်။ နောက်ထပ် free ရတဲ့ MySql Database နဲ့ PHP ပေါင်းလိုက်တဲ့ အခါ မှာတော့ ဘယ်လိုမှ ဖိထားလို့ မရတော့ ဘဲ Internet ရဲ့ ၈၀% ကို လက်ဝါကြီး အုပ်သွား ပါတော့တယ်။

နာမည်ကြီး Content Management System (CMS) တွေကို လည်း PHP နဲ့တည်ဆောက် ထားတာ ဖြစ်ပါတယ်။ (ref – https://w3techs.com/)

ထို့ပြင် အောက်ပါ websites တွေမှာလည်း PHP ကိုသုံးထား ကြပါတယ်။ (ref – https://w3techs.com/)

PHP 5.6 ဟာ နှေးပါတယ်၊ Facebook က PHP ကိုမြန်အောင် ဆိုပြီးတော့ HHVM ဆိုတဲ့ နည်းလမ်း ကိုသုံးပါတယ်။ HHVM ဟာ open source virtual machine ပါ။ Facebook ရဲ့ PHP code တွေကို ဒီနည်းလမ်း သုံးပြီး run တော့ တော်တော် မြန်လာပါတယ်။ Facebook ဟာ သူ့ရဲ့ HHVM project source code တွေကို အများသုံး နိုင်အောင် GitHub (https://github.com/facebook/hhvm) မှာတင် ထားပါတယ်။

Rasmus Lerdorf နဲ့သု့ရဲ့ sponsor ဖြစ်တဲ့ Zend Technologies တို့ကလည်း ကြိုးစား လိုက်ကြတာ PHP 7 ထွက်လာပါတယ်။ PHP 7 ဟာ အလွန်မြန် တယ်လို့ ဆိုပါတယ်။ အောက်မှာ Zend ရဲ့ speed စမ်းသပ်ချက် တွေကို ဖော်ပြ ထားပါတယ်။
(ref – http://www.zend.com/en/resources/php7_infographic)

PHP ဝါသနာ ပါသူတွေဟာ အခြားစည်းကမ်း ကြီ သည့် programming language တစ်ခုခု ကိုသင်ယူ ပြီး၊ အတုယူ၍ PHP ကို စနစ်တကျ ရေးနိုင်အောင် ဆောင်ရွက် သင့်ပါတယ်။