echo လို့ ခေါ်တဲ့ PHP function သည် web browser တွင် စာများ၊ အရုပ်များ
ဖြစ်ပေါ် စေရန် ဆောင်ရွက် ပေးသော function တခု ဖြစ်ပါသည်။
echo function သည် အခြားသော function များထက် အသုံးများ သော function တခုဖြစ်
ပါသည်။
String တခုကို browser တွင် မြင်ရ စေရန် ဆောင်ရွက်ခြင်း
echo function ကိုသုံး၍ web browser တွင်မြင်ရ စေရန် အောက်ပါ အတိုင်း
ဆောင်ရွက် ပါသည်။
<?php
$myString = "Hello!";
echo $myString;
echo "<h5>I love using PHP!</h5>";
?>
Display:
Hello!
I love using PHP!
အထက်ပါ ဥပမာ တွင် text များကို browser သို့ web page အဖြစ် ပေးပို့ ကြောင်း တွေ့ရ
ပါမည်။
ဒုတိယ echo စာကြောင်းတွင် echo ကိုအသုံး ပြု၍ Html <H5></H5> ကို output
လုပ်ထား ပုံကို လေ့လာပါ။
ထိုသို့ ပြုလုပ် ရန်အတွက် string ၏ ထိပ်တွင် <H5> ကို ရေးပြီး string ၏ အဆုံး၌
</H5> ကိုပိတ်၍ ရေးသား ခြင်းဖြင့် လွယ်ကူစွာ ဆောင်ရွက် နိုင် ပါသည်။
Quote [ " ] များကို echo လုပ်ရာတွင် သတိထား ရန်များ
Quote များကို HTML code များနှင့် သော်၎င်း အခြားသော string နှင့်တွဲ ၍ သော်၎င်း
သုံးလျင် အထူး သတိထား ရန်လို အပ် ပါသည်။
-
ဖြစ်နိုင်လျင် string များတွင် quote များကို ထည့်သွင်းအသုံးမပြု ပါနှင့်။
-
အကယ်၍ quotes ထည့်သွင်း ရမည် ဆိုပါက slash [ \ ] ကို သုံးပြုပြီး excape လုပ်ပါ။
[ quote ၏ရှေ့တွင် \" ထည့်ပါ ]
-
Single quotes (apostrophes) များကို တတ်နိုင်သမျှ အသုံးပြုပါ။
Quote များ အသုံးပြုပုံကို အောက်ဖေါ်ပြပါ ဥပမာ တွင် ဖေါ်ပြထား ပါသည်။
PHP Code:
<?php
echo "<h5 class="specialH5">I love using PHP!</h5>";
//won't work because of the quotes around <H5></H5>
echo "<h5 class=\"specialH5\">I love using PHP!</h5>";
//OK because we escaped the quotes!
echo "<h5 class='specialH5'>I love using PHP!</h5>";
//OK because we used an apostrophe '.
?>
Variables များကို echo လုပ်ခြင်း
အောက်ဖေါ်ပြပါ ဥပမာ တွင် variable များကို browser သို့ echo လုပ်ပုံ
ကိုဖေါ်ပြ ထား ပါသည်။
PHP Code:
<?php
$my_string = "Hello Bob. My name is: ";
$my_number = 4;
$my_letter = a;
echo $my_string;
echo $my_number;
echo $my_letter;
?>
Display:
Hello Bob. My name is: 4a
Variables များကို Text Strings များနှင့် ပေါင်းပြီးမှ echo လုပ်ပုံ
Variables များကို text strings များနှင့် period( . ) ကိုအသုံးပြု ပြီး ပဋ္ဌမ
join လုပ်ပြီး မှ echo လုပ်နိုင် ပါသည်။ အောက်ဖေါ်ပြပါ ဥပမာ ကို လေ့လာပါ။
PHP Code:
<?php
$my_string = "Hello Bob. My name is: ";
$newline = "<br>";
echo $my_string."Bobettta".$newline;
echo "Hi, I'm Bob. Who are you? ". $my_string.$newline;
echo "Hi, I'm Bob. Who are you? ". $my_string."Bobetta";
?>
Display:
Hello Bob. My name is: Bobetta
Hi, I'm Bob. Who are you?
Hello Bob. My name is:
Hi, I'm Bob. Who are you? Hello Bob. My name is:
Bobetta
Strings များကို join လုပ်သည့် နည်းလမ်းကို concatenation ဟု ခေါ် ပါသည်။
Note
For more detail please see
Php Manual at http://www.php.net