Code အုပ်စု တစ်ခုကို အကြိမ်ပေါင်း မြောက်များစွာ ပုံစံတူ code များ အကြိမ်ကြိမ်
ပြန်ရေး နေရ ပါက၊ အလုပ်ရှုတ်ပြီး အချိန်ကုန် ပါသည်။
၎င်း Code အုပ်စု ကို function တစ်ခု အဖြစ် နာမည်ပေး (give a name) ပြီး လိုအပ်
သလို ခေါ်သုံး (call) နိုင်ပါသည်။
ဥပမာ ကုမ္ပဏီ တစ်ခု၏ ဆောင်ပုဒ် (slogan) ကို သင်၏ web page တိုင်းတွင် ဖေါ်ပြ
လိုပါက၊ ၎င်း ဆောင်ပုဒ် များကို function တစ်ခု အဖြစ် ဖန်တည်းပြီး လိုအပ် သလို call
လုပ်ပြီး သုံးနိုင် ပါသည်။
ပထမ ဆုံး PHP Function ကိုရေးကြည့်ရအောင်
Function တိုင်းအတွက် နာမည် လိုပါသည်၊ function ၏ အမည်ကို CompanySlogan ဟုအမည်
ပေးလိုက် ကြရအောင်။
Function ကို call လုပ်သည့် အခါ ၎င်း CompanySlogan ဆိုသည့် နာမည် ကိုသုံး၍ call
လုပ်မှာ ဖြစ်ပါသည်။ ထို့ကြောင့်် နာမည်ကို ကြည့်ရုံဖြင့် ဘာလုပ်ရန် ရေးထား ကြောင်း
သိရှိ နိုင်မည့် နာမည်မျိုး ပေးသင့် ပါသည်။
Function ၏နောက်တွင် name ကိုရေးရ ပါမည်။ function တခုတည်ဆောက်ပုံ format
ကိုအောက်တွင် ကြည့်ပါ။
PHP Code:
<?php
function CompanySlogan()
{
}
?>
မှတ်ချက်- Function နာမည်ကို စါလုံး ( letter) သို့မဟုတ် underscore "_" ဖြင့်
စနိုင်သည်။ သို့သော် number ဖြင့်စခွင့် မရှိပါ။
ယခု function တွင် code များရေးသွင်း နိုင်ပါပြီး။
အထက် ဖေါ်ပြပါ ဥပမာ တွင် curly braces "{ -- }" ၂ ခုဖြင့် အဖွင့် အပိတ် လုပ်ထား
သည်ကို သတိ ပြုပါ။
သင့် code များကို ထို curly braces "{ -- }" ၂ ခု အကြားတွင် ရေးရ ပါမည်။
အဖွင့် curly brace "{" သည် php အား function code စတော့မည့် အကြောင်း အသိပေးသည့်
သင်္ကေတ ဖြစ်ပါသည်။
အပိတ် curly brace "}" သည် PHP အား function code ပြီးဆုံး သွားကြောင်း အသိပေးသည့်
သင်္ကေတ ဖြစ်ပါသည်။
Function နမူနာ ကိုအောက် တွင်ကြည့်ပါ။
PHP Code:
<?php
function CompanySlogan()
{
echo "We deliver first class material!<br />";
}
?>
PHP Function ကိုအသံုးၿပဳပံု
ရေးပြီးသွားတဲ့ function ကို စမ်းသပ် ကြည့်ကြ ရအောင်။
အောက်မှာ ဖေါ်ပြ ထားတဲ့ ရိုးရိုး php code လေးကို ရင်ရေးပါ။ ၎င်း code ကို execute
လုပ်ကြည့်ပါ၊
PHP Code:
<?php
echo "Welcome to Myanmaraphp.com <br />";
echo "Well,
thanks for stopping by! <br />";
echo "and remember... <br
/>";
?>
အထက်ပါ code ကို execute လုပ်လျင်၊
Welcome to Myanmaraphp.com
Well, thanks for stopping by
and remember...
ဆိုတဲ့ စာကြောင်းလေး ၃ ကြောင်း ပေါ်လာ ပါမည်။
ဆက်လက်၍ အောက်တွင် ရေးပြ ထားသော code များကို လေ့လာပါ။ အပေါ် ပိုင်းတွင် အနီးနှင့်
ရေးထားသော စာကြောင်း ၄ ကြောင်းမှာ function ဖြစ်ပါသည်။ ၎င်း function ကို call
မလုပ်လျင်၊ အလုပ် မလုပ်ပါ။ မတီးလျင် မမြည် သည့် စည်ကြီး နှင်တူပါသည်။
အောက်သို့ ဆက်ကြည့်လျင် CompanySlogan()
ဟု စာလုံး အနီဖြင့် ရေးပြီး function ကို ၂ ကြိမ် call လုပ်ထား သည်ကို တွေ့ရ ပါမည်။
PHP Code with Function:
<?php
function CompanySlogan()
{
echo "We deliver first class material!<br />";
}
echo "Welcome to MyanmarPhp.com <br />";
CompanySlogan();
echo "Well, thanks for stopping
by! <br />";
echo "and remember... <br />";
CompanySlogan();
?>
အောက်ဖေါ်ပြပါ အတိုင်း computer display တွင် ပေါ်လာ ပါမည်။
We deliver first class material! ဆိုသည့် စာကြောင်း ၂ ကြောင်း အပို ပါလာသည်
ကို တွေ့ရ ပါသည်။
CompanySlogan() အမည် ရှိသည့် function ကို အကြိမ် ၁၀၀ call လုပ်လျင်
We deliver first class material! ဆိုသော စာကြောင်း display တွင် အကြိမ် ၁၀၀
ပေါ်ပါမည်။
Display:
Welcome to
MyanmarPhp.com
We deliver first class material!
Well, thanks for stopping
by!
and remember...
We deliver first class material!
Function နှင့် ပတ်သက်ပြီး အောက်ပါ ရိုးရှင်းသော လုပ်ထုံး လုပ်နည်း လေးကို
လိုက်နာပါ။
-
သင်၏ function ကို function ဆိုသည့် keyword ဖြင့် စတင်ပါ။
-
Code များကို "{" နှင့် "}" အကြားတွင် ရေးပါ။
-
Function ကို call လုပ်သော အခါတွင် စာလုံးပေါင်း မှန်ပါစေ၊ စာလုံး အကြီး အသေး
လည်းမှန်ပါစေ။ (functions are case sensitive)
PHP Functions နှင့် Parameters
ဖေါ်ပြ ခဲ့သည့် "CompanySlogan" function
သည် ရိုးရိုး စာကြောင်လေး တစ်ကြောင်း ကိုသာ အပြောင်း အလဲ မရှိ ပုံသေ ရေးပေး ပါသည်။.
သင့်တွင် ဆန္ဒ ရှိပါက function အတွင်းသို့ information အပိုများ ထည့်ပေး၍ ရပါသည်။
Function ထဲသို့ "parameters" ကို သုံးပြီး အပို information များထည့်ပေး ပါသည်။
အောက်တွင် ဖေါ်ပြ ထားသော Greeting function တွင်
$firstName သည် အပြင်မှ ထဲ့ပေးသော parameters ဖြစ်ပါသည်။
PHP Code with Function:
<?php
function Greeting($firstName)
{
echo "Hello there ". $firstName . "!<br />";
}
?>
Greeting function ကို call လုပ်သော အခါ၊
$firstName ကို တန်ဖိုး သွင်းပြီး ထည့်ပေး ရပါမည်။ ထိုသို့ မလုပ်လျင်
code error
ပြပါမည်။
အောက်တွင် Greeting function ကို Joe, Anne, Jill နှင့်
Charles ဆိုသော parameter များထည့်ပြီး ၄ ကြိမ် call လုပ်ထား ပါသည်။
PHP Code:
<?php
function Greeting($firstName)
{
echo "Hello there ". $firstName . "!<br />";
}
Greeting("Joe");
Greeting("Anne");
Greeting("Jill");
Greeting("Charles");
?>
Display:
Hello there Joe!
Hello there Anne!
Hello there Jill!
Hello there Charles!
Parameter များကို တခု မက ထည့်နိုင် ပါသည်။ Comma "," ခံပြီး parameter
အများ အပြား ထည့်နိုင် ပါသည်။
Paramater တခုထက် ပိုသုံး ထားသော အောက်ပါ ဥပမာ ကို လေ့လာလျင် သဘောပေါက် နိုင်ပါသည်။
PHP Code:
<?php
function Greeting($firstName, $lastName)
{
echo "Hello there ". $firstName
." ". $lastName ."!<br />";
}
Greeting("Joe", "Blue");
Greeting("Anne", "Zerro");
Greeting("Jill", "Roberto");
Greeting("Charles", "Smith");
?>
Display:
Hello there Jack
Blue!
Hello there Ahmed Zerro!
Hello there Julie Roberto!
Hello there
Charles Smith!
PHP Functions - Returning Values (function မှ အဖြေ ပြန်ပေးခြင်း)
Function ထဲသို့ information သွင်းပေး နိုင်သလို function ထဲမှ အဖြေ (return value)
ကိုလည်း ထုတ်ယူ၍ ရပါသည်။
Function သည် အဖြေ (return value) တခု သာ ပြန်ပေးနိုင် ပါသည်။ ၄င် return value
များသည် integer, float, array, string စသည်ဖြင့် တခုခု ဖြစ်နိုင် ပါသည်။
Function သည် code များကို execute လုပ်ပြီး၊ လုပ်ငန်း ပြီးဆုံး သည့်အခါ အဖြေ
(return value) ပြန်ပေး ပါလိမ့်မည်။
Function မှပြန် ပေးသည့် အဖြေ (return value ) ကို အောက်ဖေါ်ပြ ပါအတိုင်း variable
တခုဖြင့် save လုပ်နိုင်ပါသည်။
$myVar = somefunction();
အောက်ဖေါ်ပြပါ function သည် number ၂ ခုကို ပေါင်းပြီး အဖြေ ပြန်ပေး ပါသည်။
PHP Code:
<?php
function Sum($numX, $numY)
{
$total = $numX + $numY;
return $total;
}
$Number = 0;
echo "Before the function, Number
= ". $Number ."<br />";
// Store the result of
Sum in $Number
$Number = Sum(3, 4);
echo "After
the function, Number = " . $Number ."<br />";
?>
Display:
Before the
function, Number = 0
After the function, Number = 7
Function ကို call မလုပ္မွီ $Number = 0
ဟု၊ $Number ၏ မူလ တန်ဖိုးကို သုည အဖြစ် သတ်မှတ် လိုက် ပါသည်။ ပြီးလျင် echo
လုပ်လိုက် သောအခါ၊
( Before the function, Number = 0 ) ဆိုသော စါကြောင်း ကို display လုပ်ပေး ပါမည်။
ပြီးလျင် $Number = Sum(3, 4)
ဆိုသော code ဖြင့် $Number ၏ တန်ဖိုးကို function Sum မှ ပြန်ပေးသည့် အဖြေ
(return value) သို့ ပြောင်းလိုက်သည်။ ထိုအခါ 3 + 4 = 7 သည် $Number ၏ တန်ဖိုး အသစ်
ဖြစ်လာသည်။ ထို့နောက် echo ထပ်လုပ် သောအခါ :-
( After the function, Number = 7 ) ဆိုသော စါကြောင်း နောက်တစ်ကြောင်း display
ထပ်လုပ် လါပါ လိမ့်မည်။
Note For more detail please see
Php Manual at http://www.php.net