Web sites များသည် HTML forms များကို အသုံးပြု၍ web site သို့ လာရောက် သူများ ထံမှ
data များကို ရယူ ကြသည်။
ထိုကဲ့သို့ စုဆောင်း ရရှိ လာသော data များကို PHP programming ၏အကူ အညီဖြင့်
စနစ်တကျ အသုံးချ နိုင်ပါသည်။
Myanmarphp Art Supplies အမည်ရှိ အနုပညာ ပစ္စည်း များရောင်း ချသည့် ဆိုင်
တစ်ဆိုင်သည် ဖေါက်သည်များ ထံမှ purchace orders များကို web site မှ တဆင့်
လက်ခံနေသည် ဆိုကြ ပါစို့။
ထိုသို့ purchace orders များ လက္ခံ နိုင်ရန် HTML form ကိုအသုံး ပြုရ ပါမည်။
HTML Form တခုဖန်တည်းခြင်း
ရှေ့ဦးစွာ ဖေါက်သည် များအား၊ ၎င်းတို့ ဝယ်ယူ လိုသော ပစ္စည်းကို၊ ရွေးချယ်
နိုင်စေမည့် အောက်တွင် ဖေါ်ပြ ထားသော order.html ကို file တခု အဖြစ် ရေးသား
ပေးရမည်။
order.html Code:
<html>
<head>
<title>Order Form</title>
</head>
<body>
<h4>MyanmarPhp Art Supply Order Form</h4>
<form>
<select>
<option>Paint</option>
<option>Brushes</option>
<option>Erasers</option>
</select>
Quantity: <input type="text" />
<input type="submit" />
</form>
</body>
</html>
၎င်း order.html ကို run လိုက်ပါက အောက်တွင် ဖေါ်ပြ ထားသော purchace order form
တခုကို ရရှိ ပါမည်။
Display:
MyanmarPhp Art
Supply Order Form
ရှေဦးစွာ ဝယ်သူများ ပေးပို့ လာသည့် order များကို မည်သည့် PHP page သို့ပို့ပေး
ရမည်ကို သတ်မှတ် ပေးရ ပါမည်။
ထိုသို့ ဆောင်ရွက် နိုင်ရန် <form> ကို <form action="purchase.php"
method="post"> ဟုပြင်ရေး ရပါမည်။ ၎င်း ပြင်ဆင်ချက် မှာ post method
ကိုအသုံး ပြုပြီး၊ purchace.php သို့ ဝယ်သူ၏ data များကို ပို့ပေး ရမည်ဟု အဓိပ္ပယ်
ရပါသည်။
order.html Code:
<html>
<head>
<title>Order Form</title>
</head>
<body>
<h4>MyanmarPhp Art Supply Order Form</h4>
<form action="purchase.php" method="post">
<select
name="item">
<option>Paint</option>
<option>Brushes</option>
<option>Erasers</option>
</select>
Quantity: <input name="quantity"
type="text" />
<input type="submit" />
</form>
</body>
</html>
ဆက်လက်၍ ဝယ်သူ၏ အမှာ စာကို လက္ခံမည့် purchase.php ကိုရေးရ ပါမည်။
PHP Form Processor
HTML အမှာစာ form (order.html) သည် ဝယ်သူ များ၏ purchace orders များကို
purchase.php ဖိုင် သို့ပို့ပေး ပါမည်။
Data များကို purchase.php သည် PHP built in $_POST associative array ကို အသုံး
ပြုပြီး ထုတ်ယူ (extract) လုပ်ပါ လိမ့်မည်။
$_POST and associate array အကြောင်းကို နောက်ပိုင်း ဤ tutorial တွင် သီခြား
ဖေါ်ပြ ပါမည်။
အောက်ဖေါ် ပြပါ purchace.php ကို သေချာစွာ လေ့လာပါ။
purchase.php Code:
<html>
<body>
<?php
$quantity = $_POST['quantity'];
$item = $_POST['item'];
echo "You ordered ". $quantity . " " . $item . ".<br />";
echo "Thank you for ordering from Myanmarphp Art Supplies!";
?>
</body>
</html>
$_POST['name'] တွင် ပါသော name သည် order.html တွင် ပါသော name
နှင့် တထပ်တည်း တူညီ နေသည် ကို မှတ်သားပါ။
"order.html" and "purchase.php" ဖိုင် ၂ ခုကို PHP web server သို့ upload
လုပ်ပြီး စမ်းသပ် ကြည့်ပါ။
ဝယ်သူသည် brushes အရေ အတွက် ၆ ခု မှာကြားသည် ဆိုပါစို့။
သင်၏ computer တွင် purchase.php ဖိုင်က အောက်ပါ အတိုင်း display လုပ်ပေး
ပါလိမ့်မည်။
purchase.php Display:
You ordered 6
brushes.
Thank you for ordering from MyanmarPhp Art Supplies!
PHP နှင့် HTML Form တို့၏ လုပ်ဆောင်ပုံ အဆင့်ဆင့် ကို လေ့လာခြင်း
Steps တွေကို တဆင့်ချင်း လေ့လာ ကြည့်ကြ ပါစို့။
-
ပထမ input fields "item" နှင့် "quantity" ပါသော order.html အမည်ရှိ HTML form
တခုကို ဖန်တည်းသည်။
-
ထို့နောက် order.html ၏ form tag တွင် method=post နှင့် action=purchase.php
ဟူသော attributes ၂ ခုကို သတ်မှတ် ပေးသည်။ [<form
action="purchase.php" method="post">]
-
တတိယ purchase.php သို့ရောက်ရှိ လာသော data များကို PHP built in $_POST
associative array ကိုအသုံး ပြုပြီး ထုတ်ယူ (extract) လုပ်သည်။
-
ထို့နောက် PHP echo function ကိုအသုံး ပြုပြီး customers order ကိုသင်း၏
computer ပေါ်တွင် ဖေါ်ပြ ပေးသည်။
Note
For more detail please see
Php Manual at http://www.php.net