HTML form ဖြင့် data များကို internet server ပေါ်ရှိ PHP ဖိုင်သို့ ပို့လိုက်
သောအခါ ၎င်း PHP ဖိုင်သည် မိမိ ထံသို့ ရောက်လာသော data ကို extract လုပ်၍ လိုအပ်
သလို အသုံး ပြုပါသည်။
Internet ပေါ်တွင် data များကို နည်းလမ်း ၂ မျိုးဖြင့် ပေးပို့ ပါသည်။ ၎င်းတို့မှာ
POST Method နှင့် GET Method တို့ဖြစ် ပါသည်။
PHP - POST
Post Method အသုံးပြု၍ ရေးထားသော HTML ကိုအောက်တွင် ဖေါ်ပြ လားသော ပုံစံ မျိုးတွေ့ရ
ပါမည်။
POST Code Excert:
<form action="process.php"
method="post">
<select name="item">
...
<input name="quantity"
type="text" />
အထက် ဖေါ်ပြပါ ဥပမာ တွင် form မှ data များကို process.php ဖိုင်သို့ ပေးပို့
ထားပြီး POST Method သုံးထားခြင်းကို၊ ပထမ code စာကြောင်း --
<form action="process.php" method="post">
ဖြင့် သတ်မှတ်ပေး ထားပါသည်။
POST Method တွင် data များကို html page ၏ body
အတွင်းမှ ပေးပို့ ပါသည်။
လက္ခံ ရရှိ လာသော data များကို PHP ဖိုင်သည် (အထက် ဥပမာတွင်
process.php ဖြစ်သည်) $_POST ဟု အမည် ပေးထားသော associative array
ဖြင့် သိမ်းဆည်း ပါသည်။
မူလ html form ၏ name များသည် associative array ဖြစ်သော $_POST ၏ keys
များဖြစ်လာ ကြပါသည်။
PHP - POST:
$quantity = $_POST['quantity'];
$item = $_POST['item'];
Form ၏ name များသည် keys များ ဖြစ်လာ ခြင်းကြောင့် မူလ form ၏ name များ
မတူ အောင် သတိ ပြုရ ပါမည်။ (names must be unique)
Name များ တူနေ ပါက error ပြပါ လိမ့်မည်။
PHP - GET
Post Method နှင့် မတူသော အခြား နည်းလမ်း မှာ GET Method ဖြစ်ပါသည်။
ဥပမာ website လိပ်စာ တစ်ခုသည် --
http://phpmyanmar.com/index.php?name=koko&occupation=webmaster
ပုံစံမျိုး (?) question mark ခံ၍ နောက်တွင် စါများ ဆက်ပါလာ လျှင် GET Method ဖြင့်
အချက် အလက် များကို ပို့ထားကြောင်း သိနိုင် ပါသည်။
Post Method ဖြင့် အချက် အလက် ပို့ပါက အထက် ဖေါ်ပြပါ ကဲ့သို့ မမြင် ရပါ။
GET Method အသုံးပြု၍ ရေးထားသော HTML ကိုအောက်တွင် ဖေါ်ပြ လားသော ပုံစံ မျိုးတွေ့ရ
ပါမည်။
GET Code Excert:
<form action="process.php"
method="get">
<select name="item">
...
<input name="quantity"
type="text" />
အထက် ဖေါ်ပြပါ ဥပမာ တွင် form မှ data များကို process.php ဖိုင်သို့ ပေးပို့
ထားပြီး GET Method သုံးထားခြင်းကို၊ ပထမ code စာကြောင်း --
<form action="process.php" method="get">
ဖြင့် သတ်မှတ်ပေး ထားပါသည်။
GET Method တွင် data များကို website လိပ်စာ
URL ၏ ေနာက္မွ (by
appending) ဆက်၍ ပေးပို့ ပါသည်။
Form ကို submit လုပ်ပြီးနောက် browser address bar တွင် အောက် ဖေါ်ပြပါ ပုံစံမျိုး
ပေါ်လာ ပါမည်။
http://phpmyanmar.com/process.php?item=book&quantity=2
URL တွင် question mark "?" သည် နောက်တွင် data များ ပါမည်ဟု အသိပေး လိုက်ခြင်း
ဖြစ်ပါသည်။ ထို့နောက် name=value များကို တခု နှင့် တခု အကြား "&" သင်္ကေတ ခံပြီး
ဆက်တိုက် ပေးပို့ ပါသည်။
လက္ခံ ရရှိ လာသော data များကို PHP ဖိုင်သည် (အထက် ဥပမာတွင်
process.php ဖြစ်သည်) $_GET ဟု အမည် ပေးထားသော associative array
ဖြင့် သိမ်းဆည်း ပါသည်။
မူလ html form ၏ name များသည် associative array ဖြစ်သော $_GET ၏ keys
များဖြစ်လာ ကြပါသည်။
PHP - GET:
$quantity =
$_GET['quantity'];
$item = $_GET['item'];
Form ၏ name များသည် keys များ ဖြစ်လာ ခြင်းကြောင့် မူလ form ၏ name များ
မတူ အောင် သတိ ပြုရ ပါမည်။ (names must be unique)
Name များ တူနေ ပါက error ပြပါ လိမ့်မည်။
Note For more detail please see
Php Manual at http://www.php.net