Gmail တွင် account ဖွင့်၍ နာမည် တူရှိပြီး နေလျင် နာမည် နောက်တွင် နံပါတ် ထဲ့၍
account ဖွင့်လေ့ ရှိကြ ပါသည်။ ဥပမာ အားဖြင့် [email protected], [email protected],
[email protected], [email protected], [email protected], [email protected],
[email protected] စသည်ဖြင့် ကွဲပြားအောင် သတ်မှတ် လေ့ရှိ ပါသည်။
Array ဆိုသည်မှာ အထက်တွင် ဖေါ်ပြ ထားသော Gmail ဥပမာ ကဲ့သို့ variable ကို index
ဟုခေါ်သော နံပါတ် များပေး၍ သုံးစွဲ ခြင်းသာ ဖြစ်ပါသည်။ နံပါတ် ထိုး၍ သုံးသော array
များကို Numerically Indexed Arrays ဟုခေါ် ပါသည်။ အောက်တွင် ပြထားသော ဥပမာ
ကိုကြည့်ပါ။
PHP - A Numerically Indexed Array
PHP Code:
$student_array[0] = "Bobby";
$student_array[1] = "Sam";
$student_array[2] = "Charlie";
$student_array[3] = "Clive";
အထက်တွင် ဖေါ်ပြ ထားသော Numerically Indexed Array "$student_array" တွင် key /
value စနစ် ကိုသုံးထား ပါသည်။
[0], [1], [2], [3] စသည် တို့သည်၊ key များဖြစ်ပါသည်။ Bobby,
Sam, Charlie, Clive
တို့သည် value များဖြစ်ကြ ပါသည်။
Array တခု၏ format မှာအောက် ဖေါ်ပြပါ အတိုင်း ဖြစ်ပါသည်။
$array[key] = value;
PHP Code:
echo "Two of my employees
are "
. $employee_array[0] . " &
" . $employee_array[1];
echo "
Two more employees of mine are "
. $employee_array[2] . " & " . $employee_array[3];
Display:
Two of my employees are Bob & Sally
Two more employees
of mine are Charlie & Clare
Array ကိုသတ်မှတ် ပုံနောက် တနည်း ရှိပါ သေးသည်။ သူငယ်ချင်း များတွင် နာမည်
တူနေလျင်၊ ဖက်တီး မောင်မောင်၊ အရှည်ကြီး မောင်မောင်၊ လေးလုံး မောင်မောင်၊ ဗိုက်ပူ
မောင်မောင် စသည်ဖြင့် နာမဝိသေသန (adjective) နှင့်တွဲ ခွဲခြား တတ်ပါ သေးသည်။
ထိုစနစ် ကိုသုံးသည့် array များကို Associative Arrays ဟုခေါ် ပါသည်။
အောက်တွင် ဖေါ်ပြ ထားသော Associative Array ဥပမာ များကို လေ့လာပါ။
PHP - Associative Arrays
PHP Code:
$salaries["Bob"] = 2000;
$salaries["Sally"] = 4000;
$salaries["Charlie"] = 600;
$salaries["Clare"]
= 0;
echo "Bob is being paid - $" . $salaries["Bob"] . "
";
echo
"Sally is being paid - $" . $salaries["Sally"] . "
";
echo "Charlie is
being paid - $" . $salaries["Charlie"] . "
";
echo "Clare is being paid -
$" . $salaries["Clare"];
['Bob'], ['Sally'], ['Charlie'], ['Clare'] စသည် တို့သည်၊ key များဖြစ်ပါသည်။
2000, 4000, 600,
0 တို့သည် value များဖြစ်ကြ ပါသည်။
Display:
Bob is being paid - $2000
Sally is being paid - $4000
Charlie is being paid - $600
Clare is being paid - $0
Arrays များကို နောက် သင်ခန်း စာများတွင် ဖေါ်ပြမည့် for
loops နှင့်while loops
တို့တွင် အလွန် အသုံးတည့် ကြောင်းတွေ့ရ ပါလိမ့်မည်။
Note For more detail please see
Php Manual at http://www.php.net