Variables များကို "Hello World!" ကဲ့သို့ သော string များ နှှင့် တစ်၊ နှစ်၊
သုံး ကဲ့သို့ သော ဂဏန်း အချက် အလက် (values) များကို သိမ်းဆည်း ရန် အသုံး ပြုသည်။
အဆိုပါ string များ နှှင့် ဂဏန်း အချက် အလက် များကို ထပ်ပြန် တလဲလဲ ရိုက်နှိပ် ရန်
မလို ဘဲ variables များကို သုံးခြင်း ဖြင့် အလုပ် သက်သာ စေ ပါသည်။
PHP သည် variable များကို အောက်ပါ ပုံစံ ဖြင့် အသုံး ပြုသည်။
$variable_name = Value;
Variable အမည် ၏ ရှေ့တွင် $ sign တခု အမြဲ ရှိ ရမည် ကို သတိပြု ပါ။
Variable ကို အောက် ပါ အက္ခရာ သင်္ချာ ဥပမာ ဖြင့် နှိုင်းယှဉ် လေ့လာ ကြည့်ပါ။
a=5 , b=2 ,c=4
a + b = 5 + 2 = 7
a x c = 5 x 4 = 20
a,b and c in Algebra are like variables in Php.
Variable သံုးပံု ဥပမာ တခု
variables ($hello, $a_number and $otherNumber) တို့ကို ညီမျှခြင်း သင်္ကေတ [ = ]
အသုံးပြုပြီး တန်ဖိုး(value) သတ်မှတ် ပုံကို အောက်ပါ ဥပမာ တွင် ကြည့်ပါ။
PHP Code:
<?php
$hello = "Hello World!";
$a_number = 4;
$otherNumber = 8;
?>
PHP တွင် variables အသုံး မပြုမှီ declare လုပ်ရန် မ လိုပါ။
PHP Variable များကို အမည် ပေးပုံ စနစ် သို့မဟုတ် Naming Convention စနစ်။
PHP variables များ အမည်ပေ ရာတွင် အောက်ပါ နည်းစနစ် များ ကို လိုက်နာ ရန် လိုအပ်
ပါသည်။.
အစ စာလုံး သည် ABCDE ကဲ့ သို့သော letter သို့မဟုတ် underscore "_" သာဖြစ် ရမည်။
Variable အမည်တွင် space မရှိရ။
အစ စာလုံး မှအပ ကျန် စာလုံး များကို letter, underscoresနှင့် number တွဲသုံး နိုင်
သည်။ (alpha-numeric like a-z, A-Z, 0-9, or _ )
စကားလုံး (word) တလုံး ထက်ပို သော variable name များကို underscores သို့မဟုတ်
capital letter အသုံးပြုပြီး တခု နှင့် တခု ခွာထား သင့်သည်။ ($my_variable or
capatalized , $myVariable)
Note
For more detail please see
Php Manual at http://www.php.net