Require function သည် သူ့အရင် ဖေါ်ပြ ခဲ့သည့် include function အတိုင်း လုပ်ဆောင်
ပါသည်။
Required နှင့် Include function နှစ်ခု အကြားတွင် ထင်ရှားသော ခြားနားချက် တခုတော့
ရှိပါသည်။
Require vs Include
လုံးဝ မရှိသည့် menu.inc ကို အောက်ဖေါ်ပြ ပါအတိုင်း
include လုပ်၍ php ကို run လိုက်သည် ဆိုပါစို့။
PHP Code:
<?php
include("menu.inc");
echo "Hello World!";
?>
မရှိသော menu.inc ကြောင့် အောက်ဖေါ်ပြ ပါအတိုင်း warning ပါသော စာများ ပေါ်လာ
ပါမည်။
Display:
Warning:
main(menu.inc):
failed to open stream: No such file or directory in
/home/websiteName/FolderName/menu.inc
on line 2
Warning: main(): Failed
opening 'menu.inc'
for inclusion (include_path='.:/usr/lib/php:/usr/local/lib/php')
in
/home/websiteName/FolderName/menu.inc
on line 2
Hello World!
အောက်ဆုံးတွင် Hello World! ဆိုသည့် စာကြောင်း ပါလာ သည်ကို မှတ်သား ထားပါ။
Include နေရာတွင် required ဖြင့် အောက်ပါ အတိုင်း အစား ထိုးပြီး နောက်တကြိမ်
လုပ်ဆောင် ကြည့်ပါ။
PHP Code:
<?php
require("menu.inc");
echo "Hello World!";
?>
Display:
Warning: main(menu.inc):
failed to open stream: No such file or
directory in
/home/websiteName/FolderName/menu.inc
on line 2
Fatal error: main(): Failed
opening required
'menu.inc'
(include_path='.:/usr/lib/php:/usr/local/lib/php') in
/home/websiteName/FolderName/menu.inc
on line 2
ယခု တကြိမ်တွင် Hello World! ဆိုသည့် စာကြောင်း ပါမလာ တော့သည်ကို မှတ်သား သတိပြုပါ။
Required တွင် လိုအပ်သော menu.inc မရှိကြောင်း သိရ သည်နှင့် နောက်ဆက်တွဲ ရေးထားသော
code အားလုံးကို php က လုပ်ဆောင်ခြင်း အားလုံး ရပ်ဆိုင်း ထားလိုက် ပါသည်။ ဤသည်ကား
required ၏ အားသာချက် ဖြစ်ပါသည်။
ဖြစ်နိုင်လျင် include function အစား required function ကို အသုံး ပြုပါ။
Note
For more detail please see
Php Manual at http://www.php.net